Saturday, August 23, 2025
Home » MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးရေး တရုတ်ပါဝင်ခဲ့

MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးရေး တရုတ်ပါဝင်ခဲ့

0 4

ကိုးကန့်တပ် MNDAA က လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီထံ ပြန်ပေးရေးမှာ တရုတ်အစိုးရက ပါဝင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ပြောခွင့်ရက ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် အတည်ပြုထားသည်။

MNDAA က လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့ကို သိမ်းပိုက်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီထံ ပြန်ပေးရန် တရုတ်အစိုးရက MNDAA ကို ဖိအားပေးခဲ့သည်။

လားရှိုးမြို့အား စစ်ကောင်စီထံ လွှဲပြောင်းရာတွင်လည်း တရုတ်အစိုးရက ကြားဝင်သက်သေအနေဖြင့် ရှိနေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ပြောခွင့်ရ Mr. Guo Jiakun က ဆိုသည်။

လားရှိုးမြို့ကို MNDAA က ၂၀၂၄ ဩဂုတ်လ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး ၉ လအကြာမှာ အာဏာသိမ်း စစ်ကောင်စီထံ ပြန်ပေးလိုက်ရခြင်းဖြစ်သည်။

ထိုကြောင့် ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီ၏ စစ်တပ်နှင့် ဝန်ထမ်းများမှာ လားရှိုးမြို့မှာ နေရာဝင်ယူပြီး MNDAA အလံအား ဖြုတ်ချထားကြောင်း သိရသည်။

ကိုးကန့်တပ် MNDAA က လားရှိုးမြို့အား စစ်ကောင်စီထံ ပြန်ပေးလိုက်ရခြင်းအပေါ်မှာ ပြောစရာ အင်အားမရှိတော့၍ မည်သည့်စကားမှ မပြောဆိုနိုင်ကြောင်း မီဒီယာများအား တုန့်ပြန်ထားသည်။

တရုတ်ဖိအားကြောင့် လားရှိုးမြို့အား စစ်ကောင်စီထံ ပြန်ပေးလိုက်ရခြင်းမှာ တော်လှန်ရေး တပ်ဖွဲ့များအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အခြားသော တော်လှန်ရေးတပ်ဖွဲ့များကလည်း ထိချုပ်ထားသည့် မြို့များကို စစ်ကောင်စီထံ ပြန်ပေးရနိုင်ခြင်း ရှိသည့်အပေါ်မှာ စိုးရိမ်မှုများရှိနေကြသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ