Thursday, August 28, 2025
Home » စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် ရခိုင် ကျောက်ဖြူကို ဒရုန်းဖြင့်ဗုံးကြဲ(စစ်ဘေးရှောင် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ)

စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် ရခိုင် ကျောက်ဖြူကို ဒရုန်းဖြင့်ဗုံးကြဲ(စစ်ဘေးရှောင် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ)

0 2

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနံတောင်ကျေးရွာကို စစ်ကောင်စီက ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ဘေးရှောင်ပြည်သူ ၁ ဦးသေဆုံးပြီ ၁ ဦး ဒဏ်ရာရရှိသွားသည်။

ငလျင်အကြောင်းပြု၍ ယာယီအပစ်ရပ်ကာလ စစ်ကောင်စီက သက်တမ်းတိုးသည့် နောက်တစ်ရက်မှာ ရခိုင်ပြည် ကျောက်ဖြူမြို့က အရပ်သားကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ အသေခံဒရုန်းဗုံးကြဲမှုကြောင့် ရေနံတောင်ကျေးရွာမှာ စစ်ဘေးရှောင်နေသော ကုလဘာရွာက အသက် ၂၆ နှစ်အရွယ် ဒေါ်မယာဉ်နု မှာ သေဆုံးခဲ့ရပြီး အသက် ၇၆ နှစ်အရွယ် ဦးလှစံမှာ ဒဏ်ရာရရှိသွားသည်။

စစ်ကောင်စီက ရေနံတောင်ကျေးရွာကို နေ့လယ် ၂ နာရီ ၅၆ မိနစ်မှာ တစ်ကြိမ်၊ ၃ နာရီ ၅ မိနစ်မှာ တစ်ကြိမ်၊ ၃ နာရီ ၁၄ မိနစ်မှာ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ အပစ်ရပ်ခဲ့သည့် ဧပြီလ ၂ ရက်မှ ၂၂ ရက်နေ့အထိ ရက် ၂၀ အတွင်းမှာ ရခိုင်ပြည်က မြို့ ၅ ခုမှာ လေကြောင်းဗုံးကြဲမှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ်ရှိခဲ့သည်ဟု အာရက္ခတပ်တော် AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ