Thursday, August 28, 2025
Home » စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို မလေးစားဘဲ ရခိုင်ပြည်ကို ၄၀၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု AA ပြော

စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို မလေးစားဘဲ ရခိုင်ပြည်ကို ၄၀၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု AA ပြော

0 3

အာဏာသိမ်း စစ်ကောင်စီ အပစ်ရပ်ခဲ့သည့် ဧပြီလ ၂ ရက်မှ ၂၂ ရက်နေ့အထိ ရက် ၂၀ အတွင်း ရခိုင်ပြည်ကို ပစ်ခတ်တိုက်ခိုက်မှု ‌‌‌‌‌၄၀၉ ကြိမ် ပြုလုပ်ခဲ့သည်ဟု အာရက္ခတပ်တော် AA ၏ HDCO က ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ ငလျင်လှုပ်ကြောင့် စစ်ကောင်စီသည် လူသားချင်းစာနာမှု အကူညီ ဝင်ရောက်နိုင်ရေးတွက် အပစ်အခတ်ရပ်ဆဲရေးကို ရက်၂၀ ကြာ အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း လေးစားလိုက်နာမှုမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနှင့် ပေါက်တောမြို့တို့ကို လေကြောင်းတိုက်ခိုက်မှု၊ ရေတပ်စစ်သင်္ဘောများမှ ပစ်ခတ်ခြင်းနှင့် လက်နက်ကြီးများတို့ဖြင့် ပစ်ခတ်ခဲ့သည်ဟု HDCO က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများအနက် ၅ ဦးမှာ အသက် ၅ နှစ်ကနေ ၁၄ နှစ်အရွယ် ကလေးငယ်များဖြစ်ကြသည်။

ယင်းအပြင် ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များလည်း ထိခိုက်ပျက်စီးသွားသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ