Tuesday, October 14, 2025
Home » နောင်ချို့မြို့သိမ်းတိုက်ပွဲက သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

နောင်ချို့မြို့သိမ်းတိုက်ပွဲက သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

0 5


(ဓါတ်ပုံသတင်း)

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တအောင်းတပ် TNLA ယနေ့ နေ့လယ်က ထုတ်ပြန်လိုက်သည်။

နောင်ချိုမြို့ကို တအောင်းတပ် TNLA, မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် MDY PDF နှင့် DPLA တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့သိမ်းတိုက်ပွဲကို ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့က စစ်ကောင်စီတပ်ရင်းတပ်စခန်းများဖြစ်သော ခမရ-၁၁၄ စခန်း၊ ခမရ-၁၁၅၊ ဒုံးတရ – ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ခဲ့သည်။

နောင်ချိုမြို့သည် စစ်ကောင်စီ စကခ-၁၊ လက်အောက်ခံ တပ်ဖြစ်သည့် ခမရ-၁၁၄, ခမရ-၁၁၅ နှင့် ဒုံးတပ်ရင်း – ၆၀၆ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့လည်းဖြစ်သည်။

နောင်ချိုမြို့သိမ်းတိုက်ပွဲမှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများဖြစ်သော အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လေယာဉ်ပစ်လက်နက် (၂)လက်၊ Radar စက် (၁)လုံး၊ လက်နက်မျိုးစုံ (၁၃၉)လက်၊ 60 MM (၁၅)လက်၊ 80 MM (၂)လက်နှင့် ဆလက် (၁၇) လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

ယင်းအပြင် ဒုံးပစ်ကျည် (၁၀)သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ (၆၀၀) ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ