Friday, August 29, 2025
Home » စစ်ကောင်စီ ထန်တလန်မြို့စောင့်တပ်ကို ချင်းအစိုးရ သိမ်းပိုက်

စစ်ကောင်စီ ထန်တလန်မြို့စောင့်တပ်ကို ချင်းအစိုးရ သိမ်းပိုက်

0 1

(သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ထုတ်ပြန်)

(ဓါတ်ပုံသတင်း)

ချင်းပြည်နယ် ထန်တလန်မြို့စောင့်တပ် စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်စခန်းကုန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု CDF Htantlang တာဝန်ရှိသူက ပြောသည်။

ဩဂုတ်လ ၄ ရက် နံနက် ၄ နာရီခန့်က ထန်တလန်မြို့စောင့်တပ်ကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် CB ဘဏ်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

“ အခု ထန်တလန်မြို့ကို သိမ်းပိုက်နိုင်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် ချင်းပြည်တစ်ပြည်လုံး ကျနော်တို့ရဲ့ ပြည်သူလူထုလက်ထဲကို ရောက်ခါနီးပြီဆိုတဲ့အကြောင်း ပြည်သူလူထုတွေ ခွန်အားရအောင် ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့က စတင်ပြီး ချင်းပြည်နယ်အစိုးရ ပူးပေါင်း တပ်ဖွဲ့ များက ဖော်ဆောင်ခဲ့ကြသည်။

ထန်တလန်မြို့နှင့် ဟားခါးမြို့နယ်ကြားရှိ စစ်ကောင်စီ၏ တပ်မ ၇၇ အထိုင်ချ နေရာဖြစ်သည့် ရှေ့တန်းစခန်း ၇ ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ထန်တလန်မြို့ထဲက ကျန်ရှိနေသော စစ်ကောင်စီတပ်သားများကို ရှင်းလင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ယခု စစ်ဆင်ရေးသည် ချင်းပြည်နယ်အစိုးရတပ်ဖွဲ့အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး CDF Htantalang ၊ CDF – Hakha ၊ CDF Matupi ၊ CNA စသည့် ချင်းတော်လှန်ရေး ၁၅ ဖွဲ့ပူးပေါင်းကာ စစ်ကောင်စီအား တိုက်ခိုက်နေကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ