Friday, August 29, 2025
Home » စစ်တွေမြို့အနီးမှာ တိုက်ပွဲစတင်ဖြစ်ပွား

စစ်တွေမြို့အနီးမှာ တိုက်ပွဲစတင်ဖြစ်ပွား

0 6
[fvplayer id=”80″]

(နေဗီက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရသေ့တောင်မှာ အရပ်သား ၂ ဦးသေဆုံး)

ရခိုင်ပြည် စစ်တွေမြို့နဲ့ ၄ မိုင်ခန့်ကွာတဲ့ ဝါဘိုကျေးရွာအနီးနဲ့ အမြင့်ကျွန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တို့ နှစ်ဖက်ပစ်ခတ်သံတွေ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီကစပြီး ကြားနေရပါတယ်။

အမြင့်ကျွန်းကျေးရွာနဲ့ ရသေ့တောင် မိုးစဲကျွန်း ကြားက မြစ်အလယ်မှာ စစ်ကောင်စီ စစ်သင်္ဘော အနည်းဆုံး နှစ်စီး သွားလာနေပြီး အဲဒီစစ်သင်္ဘောတွေနဲ့ AA တပ်တို့က အပြန်အလှန်ပစ်ခတ်နေကြတာပါ။

ဝါဘိုကျေးရွာအနီးမှာရှိတဲ့ ရွှေမင်းဂံဆိပ်ကမ်းမှာလည်း တပ်စခန်းနဲ့ နေဗီစစ်သင်္ဘောတွေရှိနေပြီး အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ AA တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်နေကြပါတယ်။

Western News-WN

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ