Monday, August 25, 2025
Home » ကချင် ဝိုင်းမော်က စစ်ကောင်စီ တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်

ကချင် ဝိုင်းမော်က စစ်ကောင်စီ တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်

0 3

ကချင်ပြည် ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာအနီးက အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) ၏ တပ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ် KIA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီအချိန်က ချီဖွေလမ်းပိုင်း ရှငေါ်ရွာအနီးက စစ်ကောင်စီ ပင်မတပ်စခန်းနှင့် ကာကင်းစခန်း ၂ ခုကို KIA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်နိုင်ရေး KIA နှင့်အတူ K-PDF တပ်ဖွဲ့ဝင်များပါ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယခု သိမ်းပိုက်ရရှိထားသော ရှငေါ်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်း ပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး KIA က ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ