Monday, August 25, 2025
Home » အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက လားရှိုးကို ဆက်တိုက်ဗုံးကြဲနေ

အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက လားရှိုးကို ဆက်တိုက်ဗုံးကြဲနေ

0 2

ကိုးကန့်တပ် MNDAA သိမ်းပိုက်ထိန်းချုပ်ထားသော ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ် မန်နားကျေးရွာနှင့် ကောင်းဆာကျေးရွာတို့ကို အာဏာသိမ်း စစ်ကောင်စီက ဗုံးဆက်တိုက်ကြဲနေကြောင်း ယမန်နေ့ စက်တင်ဘာ ၃၀ တွင် ထုတ်ပြန်သည်။

တရုတ်ကြားဝင်စေ့စပ်ညှိနှိုင်းမှု အထူးသဖြင့် တရုတ်ဖိအားကြောင့် ကိုးကန့်တပ် MNDAA က အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးယူထားသော်လည်း စစ်ကောင်စီသည် လားရှိုးမြို့ပေါ်နှင့် ကျေးလက်ဒေသကို ဗုံးကြဲနေခြင်းဖြစ်သည်။

ဒေသခံပြည်သူတစ်ဦးက “မနေ့ည ၁၀ နာရီ မထိုးခင်မှာ လားရှိုး မန်နားကျေးရွာကို လေကြောင်းကနေ ဗုံး ၂ လုံးကျဲချတိုက်ခိုက်တယ်။ သိသလောက်တော့ လူထိခိုက်မှုမရှိဘူးလို့ သိရတယ်။ နောက်တစ်ခါ ည ၁၁ နာရီ ၄၀ လောက်မှာ ကောင်းဆာဘက်ကို ဗုံးတွေ ထပ်ကျဲတယ်။ အခုက နေ့တိုင်း ညတိုင်းကျဲနေတော့ လူတွေက လုံခြုံတဲ့နေရာမှာပဲ ဗုံးဒဏ်ရှောင်ရင်း အိပ်ကြတော့ လူအထိအခိုက်တော့ မများတော့ဘူး” ဟု ပြောသည်။

အပစ်ရပ်ထားစဉ် လားရှိုးမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည်မှာ ၁၀ ကြိမ်အထိ ရှိလာပြီး ဗုံးအလုံးအရေအတွက် အများအပြားဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

နောက်ထပ် ပြည်သူတစ်ဦးက “တန်ပြန်ထိုးစစ်” ဟု ခေါ်သည့် စစ်ဆင်ရေးကို စစ်ကောင်စီက စက်တင်ဘာလ အစောပိုင်းကစ၍ ပြည်သူများ၏ အသက်နှင့် ဥစ္စာပစ္စည်းများ လုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဆိုသည်။

ထိခိုက်သေဆုံးရသော လူဦးရေမှာ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာပြီး လားရှိုးမြို့တွင် စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး၃ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ