Wednesday, August 27, 2025
Home » မွတ်ဆလင်ဒုက္ခသည်များအတွက် ရခိုင်ဘက်မှာ Safe Zone ထားရန် ဘင်္ဂလားဒေ့ရှ်က UN ကို တောင်းဆို

မွတ်ဆလင်ဒုက္ခသည်များအတွက် ရခိုင်ဘက်မှာ Safe Zone ထားရန် ဘင်္ဂလားဒေ့ရှ်က UN ကို တောင်းဆို

1 3

မွတ်ဆလင်ဒုက္ခသည်များအတွက် ရခိုင်ပြည်ဘက်မှာ ဘေးကင်းဇုန် Safe Zone ထားရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ကုလသမဂ္ဂအဖွဲ့ UN ကို တောင်းဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ် အကြီးအကဲ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးနှင့် ဒါကာမှာတွေ့ဆုံစဉ် တောင်းဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြခဲ့ကြသည်။

ရခိုင်ပြည်က ပဋိပက္ခများကို ဖြေရှင်းရန် အကောင်းဆုံးစတင်ခြင်းနှင့် မွတ်ဆလင်ဒုက္ခသည်များ ကူညီထောက်ပံ့မှုရရှိရန် အကောင်းဆုံးဖြစ်ကြောင်း ယူနွတ်စ်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်ကြောင့် မွတ်ဆလင် သန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားပြီး နောက်ထပ် မွတ်ဆလင်များ ထပ်မံ မဝင်ရောက်လာနိုင်ရေးအတွက် တားဆီးပေးလိမ့်မည်ဟု ယူနွတ်စ်က တွမ်အင်ဒရူးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

မွတ်ဆလင်များအတွက် ယူနွတ်စ်တောင်းဆိုချက်များအပေါ် မစ္စတာ တွမ်အင်ဒရူးက အလေးအနက်ထားကြောင်း ပြောကြားခဲ့ပြီး မွတ်ဆလင်ဒုက္ခသည်များမှာ အကူအညီ အရေးပေါ်လိုအပ်နကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များကို တတိယနိုင်ငံများသို့ ပို့ဆောင်နိုင်ရေး UN က ဆောင်ရွက်ပေးသင့်ကြောင်းလည်း မစ္စတာ ယူနွတ်စ်က တွမ်အင်ဒရူးကို ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။

လက်ရှိ မောင်တောဒေသမှာ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး အဆိုပါ တိုက်ပွဲများကြောင့် မွတ်ဆလင် တစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံသွားကြသည်။

1 comment

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ