Saturday, August 23, 2025
Home » ကျောက်နီမော် နောက်ဆက်တွဲ အခြေအနေ

ကျောက်နီမော် နောက်ဆက်တွဲ အခြေအနေ

0 3

ဓါတ်ပုံများကို တယ်လီဂရမ်တွင် ကြည့်ရန်- နှလုံးရောဂါ ရှိသူများနှင့် သွေးလန့်သူများ မကြည့်ရန်

စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ လေကြောင်း ဗုံးကြဲမှုကြောင့် တစ်ရက်တည်းအတွင်း ကျောက်နီမော်တွင် အရပ်သား ၄၁ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့သူ ၂၀ ထက်မနည်း ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။

သေဆုံးသူများထဲတွင် မွတ်ဆလင်များ အများအပြား ပါဝင်ပြီ ကလေးသူငယ်များနှင့် သက်ကြီးပိုင်များလည်း ပါဝင်ကာ လူနေအိမ် ၅၀၀ နီးပါးလည်း မီးလောင် ပျက်စီးခဲ့ရကြောင့် ကျောက်နီမော်ဒေသခံတစ်ဦးက Western News ကိုပြောသည်။

ကျောက်နီမော် ဒေသခံမွတ်ဆလင်တစ်ဦးက “အလောင်းတွေက ရုပ်ပျက် ဆင်းပျက် ဖြစ်နေတာပါ။ မီးလောင်ထားတော့ ကောက်ကိုင်စရာ နေရာမှ မရှိတော့တာပါ။ ကျနော်တို့ မွတ်ဆလင်တွေက များပါတယ်။ ရခိုင်တွေလည်း ပါတယ်။ သေဆုံးတဲ့အထဲမှာ ကလေးတွေများတယ်။ ကျောက်နီမော်ကျေးရွာဟာ စစ်မြေပြင်မဟုတ်ပါဘူး။ ဒီအတိုင်းလူနေတဲ့ ရပ်ကွက်ကို ဗုံးလာကြဲသွားတာပါ “ဟုပြောသည်။

ကျောက်နီမော်ရွာကို ဇန်နဝါရီလ ၈ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီအနေနှင့် ယခု လုပ်ရပ်သည် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်ကြောင်း အာရက္ခတပ်တော် AA ၏ ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိတော့တဲ့နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်ကောင်စီအနေနှင့် အလွန်ယုတ်မာသူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာလဲဖြစ်ပါတယ်”ဟုပြောသည်။

အဆိုပါ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာသည် အာရက္ခတပ်တော် AA ၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး အရပ်သားများမှာလည်း ကုန်သည်နှင့် တံငါ လုပ်ငန်းများကို လုပ်ကိုင်နေသော ကျေးရွာ ဖြစ်သည်။

ဓါတ်ပုံကြည့်ရန်

https://t.me/TheWesternNews/17026

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ