Saturday, August 23, 2025
Home » သင်တန်းသား ၁၂၀ ကျော် ပါဝင်သော ABSDF နှင့် ပ.က.ဖ သင်တန်းဆင်းပွဲ

သင်တန်းသား ၁၂၀ ကျော် ပါဝင်သော ABSDF နှင့် ပ.က.ဖ သင်တန်းဆင်းပွဲ

1 3

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDFနှင့် အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်၍ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အခြေခံစစ်ပညာ သင်တန်းသည် ကာလ ၃လခွဲ ကြာမြင့်ခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းသားဦးရေ အယောက် ၁၂၀ကျော် သင်တန်းဆင်းခဲ့ပြီး မကဒတ တပ်ဖွဲ့ဝင်များက အလံကိုင်သစ္စာ ဆိုခဲ့ကြကြောင်း သိရသည်။

1 comment

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ