Tuesday, October 14, 2025
Home » ဝတ်ပြုနေချိန် ငလျင်ကြောင့် ဗလီပြိုကျ၊ လူ ၂၀ ဦးထက်မနည်းသေဆုံး

ဝတ်ပြုနေချိန် ငလျင်ကြောင့် ဗလီပြိုကျ၊ လူ ၂၀ ဦးထက်မနည်းသေဆုံး

0 4

မန္တလေးမြို့ရှိ ရွှေဘုန်းရှိန်ဗလီတွင် ယနေ့ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီပြိုကျသွားပြီး အနည်းဆုံး လူ ၂၀ ဦးထက်မနည်းသေဆုံးသွားကြောင်း ယင်းဗလီပြိုကျမှုအတွက် ကယ်ဆယ်ရေး ကူညီနေသူတချို့က ပြောသည်။

ကူညီကယ်ဆယ်နေသူတစ်ဦးက “ဝတ်ပြုနေတဲ့အချိန် ပြိုကျသွားတာပါ။ ဗလီအဆောင် ၃ ခုလောက်ပြိုကျသွားတာ။ ပိတ်မိနေတာတွေရှိတော့ အခုတော့ ၂၀ ဦးထက်မနည်းသေသွားပါပြီ။ သေ တဲ့အရေအတွက်ကတော့ များနိုင်တယ်။ ရွှေဘုန်းရှိန် ဗလီ ကတော့ ပြိုကျသွားပြီ” ဟု ပြောသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး အပါအဝင် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့တွင် ယနေ့ နေ့လယ် ၁၂နာရီ ၄၀ မိနစ်ဝန်းကျင်ခန့်မှာ အင်းအားပြင်း ငလျင်လှုပ်ခတ်ခဲ့သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ