Tuesday, March 3, 2026
Home » ငလျင်သင့် မြန်မာနှင့် ထိုင်းကို ကုလသမဂ္ဂအဖွဲ့မှ ဒေါ်လာ ၅ သန်း ကူညီမည်

ငလျင်သင့် မြန်မာနှင့် ထိုင်းကို ကုလသမဂ္ဂအဖွဲ့မှ ဒေါ်လာ ၅ သန်း ကူညီမည်

0 31

Western News| မတ် ၂၉

မြန်မာနှင့် ထိုင်းက ငလျင်ဘေးသင့်ပြည်သူများကို အမေရိကန်ဒေါ်လာ ၅ သန်းကူညီပေးမည်ဟု ကုလသမဂ္ဂအဖွဲ့မှက ပြောကြောင်း ရိုက်တာသတင်းဌာနက ယနေ့တွင် ဖော်ပြသည်။

ငလျင်ဘေးသင့်သူများအား ထောက်ပံ့ကူညီရန် မြန်မာနှင့် ထိုင်းကို ကနဦး ဒေါ်လာ ၅ သန်း ခွဲဝေပေးထားသည်ဟု OCHA အကြီးအကဲ ဖလက်ချာက ပြောသည်။

၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် မြန်မာပြည်အလယ်ပိုင်းဒေသနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့တွင် အင်အားအလွန်ပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။

ငလျင်ဘေးသင့်ပြည်သူများအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်းလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောဆိုထားသည်။

ငလျင်ကြောင့် မြန်မာက စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်း၊ မကွေး၊ ပဲခူးတိုင်းဒေသတို့က အဓိက ခံစားခဲ့ရပြီး ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု များပြားသည်။

စစ်ကောင်စီ၏ ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့တွင် ငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာနေပြီး ဒဏ်ရာရရှိသူ ၂၄၀၀ နီးပါး ရှိသည်ဟု သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ