Monday, October 13, 2025
Home » ငလျင် လှုပ်ခတ်ရက်များကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း စစ်ကောင်စီ သတ်မှတ်ကြေညာ

ငလျင် လှုပ်ခတ်ရက်များကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း စစ်ကောင်စီ သတ်မှတ်ကြေညာ

0 4

ငလျင်လှုပ်ခတ်ခဲ့သော မတ်လ ၂၈ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ ၇ ရက်တာကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ အဆင့်ရှိ မြေငလျင် မန္တလေး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

ထိုငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်း၊ မကွေး၊ ပဲခူးတိုင်းတို့တွင် ထိခိုက်ပျက်စီး သေဆုံးမှုများပြားပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းတို့တွင် သေဆုံးမှု၊ ထိခိုက်မှု၊ ပျက်စီးမှု အလွန်များပြားနေသည်။

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁-၃-၂၀၂၅ ရက်မှ ၆ -၄-၂၀၂၅ ရက်အထိ (၇)ရက်အား သတ်မှတ်ကြေညာလိုက်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူရမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့အထိ ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိကြောင်း ထုတ်ပြန် ပြောဆိုထားသော်လည်း အဆိုပါပမာဏမှာ မြေပြင်အရေအတွက်က ပိုမိုများပြားနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောဆိုသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ