Friday, March 6, 2026
Home » ဖလမ်းမြို့ကို သိမ်းပိုက် လိုက်ပြီးဟု ချင်းညီနောင် စစ်ဆင်ရေးက ထုတ်ပြန်

ဖလမ်းမြို့ကို သိမ်းပိုက် လိုက်ပြီးဟု ချင်းညီနောင် စစ်ဆင်ရေးက ထုတ်ပြန်

0 35

ဧပြီလ ၉ ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးကို ချင်းညီနောင် စစ်ဆင်ရေး က အပြီးသတ် သိမ်းပိုက် ရရှိလိုက်ပြီး ဖြစ်ကြောင်း ယနေ့ ဧပြီ ၉ ရက်နေ့တွင် သတင်း ပြန်လာသည်။

ချင်းညီနောင်စစ်ဆင်ရေး Operation CB အဖြစ် ဖလမ်းမြို့ သိမ်းစစ်ဆင်ရေးကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင်စတင်ခဲ့ပြီး ၅ လအကြာတွင် သိမ်းပိုက် ရရှိခဲ့ခြင်း ဖြစ်သည်။

ဖလမ်းမြို့ မကျစေရေး စစ်ကောင်စီဖက်၏ ခလရ ၂၆၈ တပ်ရင်း အင်အားအပြင် ခလရ ၈၉ မှ စစ်ကူ အင်အား ၁ဝဝ ဝန်းကျင်နှင့် တပ်မ ၇၇ လက်အောက်ခံ ခလရ ၃၉၁ မှ စစ်ကူအင်အား ၁ဝဝ ခန့်ဖြင့် အကြိမ်ကြိမ် ဖြည့်တင်း ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ ကျော် ဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း ဆိုသည်။

ဖလမ်းမြို့ နယ်တစ်ခုလုံး သိမ်းပိုက် ရရှိမှုတွင် အာရက္ခ တပ်တော်မှ ခဲယမ်းစစ်လက်နက်များအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်များ ကူညီခဲ့ကြောင်း ချင်းညီနောင်စစ်ဆင်ရေးက ဆိုသည်။

စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် မဟာမိတ်များနှင့် အတူ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ချင်းညီနောင် စစ်ဆင်ရေး ထုတ်ပြန်သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ