Monday, October 13, 2025
Home » အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်နှင့် NUG ဝန်ကြီးချုပ်တို့ တွေ့ဆုံ

အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်နှင့် NUG ဝန်ကြီးချုပ်တို့ တွေ့ဆုံ

0 4

အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆွေးနွေးချက်များအား သီးသန့် သတင်းထုတ်ပြန်ပေးမည်ဟု NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။

“NUG ဝန်ကြီးချုပ်နဲ့ တွေ့ပါတယ်။ online ပါ။ အသေးစိတ်ကိုတော့ နောက်မှ သတင်းထုတ်ပြန်ပါ့မယ်” ဟု ပြောသည်။

အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်သည် ငလျင်ကို အကြောင်းပြပြီး အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့က ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ပြီး ယင်းနောက် NUG အစိုးရ ဝန်ကြီးချုပ်နှင့် ထပ်မံ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်နှင့် တွေ့ဆုံပွဲမှာ အာဆီယံဥက္ကဌက ငလျင်ကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူများအတွက် အရေးပေါ် လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူ အညီများနှင့် ကွင်းဆင်း ဆေးရုံတစ်ခု ဖွင့်လှစ်ရေး ဆွေးနွေးခဲ့သည့်အပြင် တိုင်းပြည် မူလအခြေအနေ ပြန်လည် ရောက်ရှိရေး အရေးကြီးမှုကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

NUG နှင့် တွေ့ဆုံရာတွင်လည်း မြန်မာပြည်သူများ အကျိုးစီးပွားနှင့် တိုင်းပြည်တည်ငြိမ်ရေးအတွက် သက်ဆိုင်သူများအားလုံး ဆွေးနွေးညှိနှိုင်းရေး ဆက်လက်တွန်း အားပေးသွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ