Thursday, August 28, 2025
Home » ကျောက်မဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး TNLA ထံ လက်နက်ချ အညံ့ခံ

ကျောက်မဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး TNLA ထံ လက်နက်ချ အညံ့ခံ

0 2

ရှမ်းပြည်နယ် ကျောက်မဲမြို့အခြေစိုက် စကခ ၁ လက်အောက်ခံ စစ်ကောင်စီတပ်သား ၁၇ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

ယနေ့ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီခန့်တွင် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁) လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသည် တအာင်းတပ် TNLA ထံ လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်။

အလားတူ ကျောက်မဲမြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ ရဲစခန်းကိုသိမ်းပိုက်ရရှိပြီး စခန်းမှူးကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း ကျောက်မဲစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရှမ်းပြည် မြောက်ပိုင်း တအောင်းဒေသတွင် စစ်ကောင်စီက အပစ်ရပ်သဘောတူညီချက် ချိုးဖောက်လိုက်၍ တအောင်းတပ် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး မန္တလေးတိုင်း မိုးကုတ်မြို့အထိ တိုက်ပွဲကျယ်ပြန့်လာကြောင်း မျက်မြင်များက ပြောဆိုကြသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ