Thursday, August 28, 2025
Home » မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် STARLINK အင်တာနက် ၁၉ခုနှင့် အတူ လူငယ် ၂ဦး ထိုင်း မဲဆောက်တွင် ဖမ်းဆီးခံရ

မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် STARLINK အင်တာနက် ၁၉ခုနှင့် အတူ လူငယ် ၂ဦး ထိုင်း မဲဆောက်တွင် ဖမ်းဆီးခံရ

0 2

မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် STARLINK အင်တာနက် ၁၉ အတူ အသက် ၂၀ နှစ်ကျော်အရွယ် မြန်မာ လူငယ်နှစ်ဦး ဩဂုတ် ၇ ရက်နေ့က ထိုင်းအာဏာပိုင်အဖွဲ့က ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံသတင်းများက ဖော်ပြသည်။

ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် တာ့ခ်ခရိုင် မဲဆောက်မှတစ်ဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီဘက်သို့ ပို့ဆောင်မည့် အင်တာနက် ဆက်သွယ်ရေး စက်အမျိုးအစားဖြစ်သော (STARLINK) စက် ၁၉ ခုကို ထိုင်း အာဏာပိုင်အဖွဲ့က သတင်း အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ မဲဆောက်မြို့မ ရဲစခန်းတွင် ရဲမှူးချုပ် ဆမ်ရစ်အက်ခမွန်နှင့် တာ့ခ်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး Pittayaakorn Phetcharat တို့နှင့် အတူ မဲဆောက်မြို့မရဲစခန်းမှ ရဲမှူး၊ မဲဆောက်မြို့မရဲစခန်းမှ ဒုရဲမှူးကြီး Ekarat Nuchchaei မှ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် မြန်နှုန်းမြင့် အင်တာနက် ဂြိုလ်တုစနစ်ပါ (STARLINK) စက်များကို ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှတဆင့် တာ့ခ်ခရိုင် မဲဆောက်ခရိုင်အတွင်း တရားမဝင် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ရဲမှူးကြီး Ekarat Nuchchaei က မြန်မာနိုင်ငံ မြ၀တီဘက်ခြမ်းရှိ တရားမဝင် လောင်းကစားလုပ်ငန်းရုံးများသို့ (STARLINK) စက်များကို ပို့ဆောင်ရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား နှစ်ဦး ဖြစ်သော အသက် ၂၇ နှစ်အရွယ်ရှိ မောင်ဟိန်းထက်အောင်နှင့် အသက် ၂၇ နှစ်အရွယ်ရှိ မောင်မြင့်မြင့်ကျော်တို့ နှစ်ဦးကို အရေးယူနိုင်ရန် စစ်ဆေးနေကြောင်း ထိုင်းအခြေစိုက် သတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့် ထိုင်းနိုင်ငံတွင် ဇွန်လထဲတွင် ချွန်ဘူရီခရိုင်တွင်လည်း ကရင်ပြည်၊ မြဝတီမြို့က အွန်လိုင်းလောင်းကစားရုံများနှင့် ‌ကျားဖြန့်ဟု ခေါ်သည့် ငွေလိမ်ဂိုဏ်အဖွဲ့များထံ ပို့ဆောင်ရန် ပြင်ဆင်ထားသည့် (STARLINK) အင်တာနက် (၅၈) ခု ဖမ်းဆီး အရေးယူခဲ့သည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ