Friday, August 29, 2025
Home » မဲဆောက်က နွေဦးရောင်ခြည် လက်ဖက်ရည်ဆိုင်မှာ ဂုဏ်ပြုထားသူထဲ AA စစ်ဦးစီးချုပ် ပါဝင်

မဲဆောက်က နွေဦးရောင်ခြည် လက်ဖက်ရည်ဆိုင်မှာ ဂုဏ်ပြုထားသူထဲ AA စစ်ဦးစီးချုပ် ပါဝင်

0 2

(ဓါတ်ပုံသတင်း)

ထိုင်းနိုင်ငံ မဲဆောက်မြို့က နွေဦးရောင်ခြည် လက်ဖက်ရည်ဆိုင်မှာ တော်လှန်ရေးခေါင်းဆောင်များအား ဂုဏ်ပြုထားရာ၌ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်း ပါဝင်ကြောင်း တွေ့ရသည်။

ပုံတူပန်းချီကားချပ်ဖြင့် ဂုဏ်ပြုထားသလို ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မှတ်သားဖွယ်ကောင်းသော စကားလုံးများထဲမှ တစ်ခုဖြစ်သော “မျိုးချစ်စကားကို ပြောတဲ့သူတိုင်းကလည်း မျိုးချစ်အလုပ်ကိုမလုပ်၊ မျိုးချစ်အလုပ်ကို လုပ်တဲ့သူတိုင်းလဲ လုပ်ရပ်မမှန်ကန်” ဟု ရေးသားဖော်ပြထားသည်။
ယနေ့ ကျရောက်သော ၃၆ နှစ်မြောက် ၈ လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် နွေဦးရောင်ခြည် လက်ဖက်ရည်ဆိုင်မှာ ဧည့်သည်များအား မုန့်ဟင်းခါး ကျွေးမွေးကြောင်း သိရသည်။

နွေဦးရောင်ခြည် လက်ဖက်ဆိုင်မှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် KNU/KNLA က ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ၊ SSPP/SSA ကို ဦးဆောင်တည်ထောင်သူထဲပါဝင်သူ သျှမ်းတော်လှန်ရေးသမား စဝ်ဇန့်ယောင်ဟွေ၊ KIO/KIA က စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် စသဖြင့် ဂုဏ်ပြုထားကြောင်း တွေ့ရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ