Friday, August 29, 2025
Home » ပုဂံရှေးဟောင်း ဘုရားတစ်ဆူ မိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီး

ပုဂံရှေးဟောင်း ဘုရားတစ်ဆူ မိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီး

1 3

ရှေးဟောင်းယာဉ်ကျေးမှုနယ်မြေ ပုဂံဒေသက ရှေးဟောင်းဘုရား ၁ ဆူ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မိုးရွာသွန်းမှု များပြားလာချိန် မိုးရေစီမ့်ဝင်ခြင်းကြောင့် ပြိုကျပျက်စီးသွားကြောင်း သိရသည်။

ပြိုကျသွားသည့် ဘုရားမှာ ပုဂံမြို့သစ်၊ ရွှေလောင်းရပ်ကွက်က ဘုရားအမှတ် ၁၀၄၂ ဖြစ်ကြောင်း ကနဦးသိရှိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပါအဝင် နိုင်ငံတဝှမ်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သမိုင်းတန်ဘိုးမြင့်မားသည့် အရာဝတ္ထုများ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း သိရသည်။

ဓါတ်ပုံ – Ko Htun Yati

(ConnectBurma သတင်းဌာနသည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)

1 comment

ZAP 2024-10-07 - 8:12 am

Zaproxy dolore alias impedit expedita quisquam.

Reply

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ