Thursday, August 28, 2025
Home » ထိုင်းမှာ လေ့လာရေးခရီးထွက်လာသော ကျောင်းကား မီးလောင်၍ ၂၅ ဦးသေဆုံး

ထိုင်းမှာ လေ့လာရေးခရီးထွက်လာသော ကျောင်းကား မီးလောင်၍ ၂၅ ဦးသေဆုံး

1 3

ထိုင်းနိုင်ငံမှာ လေ့လာရေးခရီးထွက်လာသော ကျောင်းသား ၃၈ ဦးနှင့် ဆရာ/ဆရာမ ၆ ဦး လိုက်ပါ စီးနင်းလာသည့် ကျောင်းကားတစ်စီး ဘန်ကောက်မြို့နှင့် ပသုမ်သနီမြို့အစပ် လမ်းတွင် ကားဘီးပေါက်ရာမှ မီးလောင်မှုဖြစ်ပွားပြီး ၂၅ ဦးသေဆုံးခဲ့ရသည်။

သေဆုံးသူများတွင် ကျောင်းသား၊ ကျောင်းသူများ ၂၂ ဦးနှင့် ဆရာ/ဆရာမ ၃ ဦးသေဆုံးခဲ့ရပြီး ပသုမ်သနီမြို့ရှိ ကျောင်းတစ်ကျောင်းမှ ခရီးထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကားဘီးပေါက်ပြီး ဘေးနံရံများ တိုက်မိကာ မီးလောင်ခဲ့ကြောင်းနှင့် ထွက်ပြေးရန် ကြိုးစားသော်လည်း ကားတံခါးများ ဖွင့်ရေး ခက်ခဲကာ ၁၉ ဦးသာ လွတ်မြောက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ၊ သေဆုံးသူများ ရှိခဲ့ခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရသူများအားလုံးကို ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ကျောင်းသား၊ ကျောင်းသူများထဲတွင် သူငယ်တန်းကလေးငယ်များလည်းပါဝင်ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်းနှင့် ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

1 comment

ZAP 2024-10-07 - 8:10 am

Zaproxy dolore alias impedit expedita quisquam.

Reply

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ