Wednesday, August 27, 2025
Home » ကျောင်းကားမီးလောင်၍ သေဆုံးခဲ့ရသည့် ကလေးငယ်များ၏ ဈာပန ဆုတောင်းပွဲ

ကျောင်းကားမီးလောင်၍ သေဆုံးခဲ့ရသည့် ကလေးငယ်များ၏ ဈာပန ဆုတောင်းပွဲ

0 2

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်မှာ လေ့လာရေးခရီးထွက်လာသော ကျောင်းကားတစ်စီး အောက်တိုဘာလ ၁ ရက် နေ့လယ်ပိုင်းတွင် ကားဘီးပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ကျောင်းကားမီးလောင်မှုကြောင့် ၄၄ ဦးလိုက်ပါလာသော အထဲက ကျောင်းသား/သူ ၂၀ ဦးနှင့် ဆရာမ ၃ ဦးမှာ မီးလောင်သေဆုံးခဲ့ရပြီး ကလေးငယ်များမှာ အသက် ၅ နှစ်အရွယ်မှ ၁၄ နှစ်အရွယ်များ ဖြစ်ကြသည်။

ယနေ့ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် ရုပ်အလောင်းများ ရောက်ရှိလာပြီး ကလေးငယ်များ၏ ကျောင်းဖြစ်သော ပထုံဌာနီခရိုင် Wat Khao Phra Sangkharam ကျောင်းမှာ ဈာပန ဆုတောင်းပွဲ အခမ်းအနား ပြုလုပ်နေကြသည်။

ကျောင်းဝန်းထဲမှာ ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေပြီး ထိုင်းပြည်သူ၊ မြန်မာပြည်သူများကြားတွင်လည်း ဝမ်းနည်းနေကြသည်။

ကလေးငယ်များနှင့် ဆရာမတို့၏ မိဖများ၊ မိသားစုဝင်များမှာ အရုပ်များ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် ကျောင်းဝတ်စုံများ အပါအဝင် အစားအသောက်များ ယူဆောင်လာကြသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ