Friday, August 29, 2025
Home » သိမ်းပိုက်ထားသော မြို့ရွာများကို AA က မိုင်းရှင်းလင်းရေး ပြုလုပ်

သိမ်းပိုက်ထားသော မြို့ရွာများကို AA က မိုင်းရှင်းလင်းရေး ပြုလုပ်

1 3

ပလက်ဝဒေသ အပါအဝင် ရခိုင်ဒေသက သိမ်းပိုက်ထားသော မြို့၊ ရွာများကို အာရက္ခတပ်တော် AA က မိုင်းရှင်းလင်းရေး ပြုလုပ်ပေးနေသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်မရှုံးခင်နှင့် စခန်းမစွန့်ခွာခင်ကတည်းက စခန်းအနီးအနားတွင် မိုင်းထောင်ထားခြင်း၊ စစ်ကြောင်းထိုးရာဒေသများတွင် မိုင်းထောင်ထားခြင်းများကို ပြုလုပ်ခဲ့ကြသည်။

လက်ရှိ ထိန်းချုပ်ထားသော မြို့များဖြစ်သည့် ကျောက်ဖြူ၊ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင် ဒေသများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ စခန်းအနီးအနားနှင့် မြို့ပတ်ပတ်လည်ကို မိုင်းထောင်ထားကြောင်း သိရသည်။

အာရက္ခတပ်တော် AA အနေဖြင့် စစ်ကောင်စီထံက သိမ်းပိုက်ထားသော မြို့၊ ရွာများကို အလေးထား ဆောင်ရွက်ပေးနေပြီး သိမ်းလုဆဲဆဲဖြစ်နေသော မောင်တောဒေသကိုလည်း မိုင်းရှင်းလင်းရေးများပြုလုပ်ပေးနေသည်။

1 comment

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ