Thursday, August 28, 2025
Home » မင်းအောင်လှိုင်ကို ကြိုဆိုသော အနုပညာရှင်များ

မင်းအောင်လှိုင်ကို ကြိုဆိုသော အနုပညာရှင်များ

2 3

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နယ်မှာ နိုဝင်ဘာလ ၆, ၇ ရက်များတွင် ကျင်းပခဲ့သည့် မဲခေါင်အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်ခေါင်းဆောင်လည်းဖြစ် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော ခေါင်းဆောင်လည်းဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြန်ခရီးကို မြန်မာ့အနုပညာရှင်အချို့က အားရဝမ်းသာစွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

နေ့စဉ် အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံက ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် ပါဝင်သော ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဥ္ဇာဦး အပါအဝင် ဂျင်းနီ၊ ယုန်လေးနှင့် ဒိန်းဒေါင်တို့ပါ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

နယ်ပယ်စုံက အနုပညာရှင်များအပါအဝင် မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ အဖွဲ့ဝင်များမှာ အာဏာသိမ်းစစ်ကောင်စီနှင့် စစ်အုပ်စုအပေါ် ထောက်ခံကြိုဆိုမှုများအပေါ် ဒီမိုကရေစီအင်အားစုများက ကန့်ကွတ်ရှုတ်ချနေကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ