Monday, October 13, 2025
Home » မြန်မာအများဆုံးနေထိုင်သော ထိုင်း တာ့ခရိုင် အုန်းဖျန်မြို့တွင် ဗုံးပေါက်ကွဲ

မြန်မာအများဆုံးနေထိုင်သော ထိုင်း တာ့ခရိုင် အုန်းဖျန်မြို့တွင် ဗုံးပေါက်ကွဲ

0 3

(ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၄၀ ဦးခန့် ဒဏ်ရာရ)

ထိုင်းနိုင်ငံ၊ တာ့ခရိုင်ရှိ မြန်မာနိုင်ငံသားများနှင့် ကရင်တိုင်းရင်းသား အများအပြား နေထိုင်သော အုန်းဖျန်မြို့တွင် ဖျော်ဖြေပွဲ လုပ်နေစဉ် ဗုံးဖောက်ခွဲခံရပြီး ၃ ဦးသေဆုံးကာ ၃၉ ဦး ဒဏ်ရာရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက် ထိုင်းစံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်အချိန် တာ့ခရိုင်၊ အုန်းဖျန်မြို့၊ လေဆိပ်အဟောင်းကွင်းပြင်တွင် အကဖျော်ဖြေပွဲပြုလုပ်နေစဉ် ဗုံးဖြင့် ပစ်ပေါက် ဖောက်ခွဲခံရခြင်း ဖြစ်သည်။

ဖျော်ဖြေပွဲမှာ ဒီဇင်ဘာလ ၈ ရက်နေ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ ပြုလုပ်နေခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများအနက်မှ ၄ ဦးမှာ စိုးရိမ်ရ​ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က အဆိုပါဖြစ်စဉ်တွင် သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိသူများအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ အဆိုပါဖြစ်ဉ်တွင် ကျူးလွန်သူကို စုံစမ်းဖော်ထုတ်ရန် ညွှန်ကြားထားသည်။

ယင်းကဲ့သို့ လူထုတက်ရောက်သည့် ပွဲတော်များတွင် ရဲလုံခြုံရေးများကို ပြည်သူလူထု၏ ဘေးကင်းရေးအတွက် တိုးမြှင့်ချထားရန်လည်း ဝန်ကြီးချုပ်က ထပ်ဆင့် ညွှန်ကြားခဲ့သည်။

ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai ကမူ ယမန်နေ့ည ပေါက်ကွဲမှုသည် ဆယ်ကျော်သက် လူငယ်အုပ်စုနှစ်ခုအကြား အချင်းချင်း အပြန်အလှန် တိုက်ခိုက်ကြရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ