Tuesday, October 14, 2025
Home » တစ်ဒေါ်လာ ကျပ် ၅၀၀၀ ရောက်ရှိ၊ အခေါက်ရွှေဈေး ကျပ်သိန်း ၆၀ ဝန်းကျင်ရှိနေ

တစ်ဒေါ်လာ ကျပ် ၅၀၀၀ ရောက်ရှိ၊ အခေါက်ရွှေဈေး ကျပ်သိန်း ၆၀ ဝန်းကျင်ရှိနေ

1 4

ပြည်တွင်း စီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ သို့ ရောက်ရှိနေပြီး အခေါက်ရွှေစျေးနှုန်းမှာ ငွေကျပ် သိန်း ၆၀ ဝန်းကျင်ရှိကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့မှ နိုင်ငံခြားငွေလဲ လက်ကြီးဒိုင်က “တစ်ဒေါ်လာကို ၄၉၆၀ နဲ့ ၅၀၀၀ အကြားရှိတယ်။ ၅၀၀၀ ရောက်သွားပြီလို့ ပြောလို့ရတယ်။ ထိုင်းတစ်ဘတ်ကို အခုက ၁၃၈ ကျပ် ကျော်ရှိနေပြီ။ ဒေါ်လာရော ဘတ်ရော စံချိန်တင်ပဲ။ အဝယ်ချည်းပဲ အရောင်းလုံး၀ မရှိဘူး” ဟု ပြောသည်။

ရွှေစျေးကွက်တွင် ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၀၈ တွင်ရှိနေပြီး မြန်မာ့ရွှေစျေးနှုန်းမှာ ၅၉ သိန်း ၃ သောင်းနှင့် သိန်း ၆၀ ကြား ညှိနှိုင်းရောင်းချကာ ရွှေစျေးနှုန်းသည် စံချိန်တင် ကျပ်သိန်း ၆၀ သို့ ရောက်ရှိပြီဟု ပြောဆိုကြသည်။

စစ်ကောင်စီ၏ အဖမ်းအဆီးများကို ကြောက်၍ စျေးကွက်မှာ ပုန်းလျှိုးကွယ်လျှိုး ချိတ်ဆက်ရောင်းဝယ်နေရပြီး အဝယ်အဓိက များပြားကြောင်း ရန်ကုန်ရွှေကုန်သည်တချို့က ဆိုသည်။

Western News-WN

နောက်ဆုံး သတင်းများရယူလိုက်ပါ