Tuesday, October 14, 2025
Home » စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ယူ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ယူ

0 4

ယာယီသမ္မတ ဦးမြင့်ဆွေနေရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတနေရာ ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် လွှဲပြောင်းရယူလိုက်ကြောင်း စစ်တပ်ပိုင် မြဝတီက ကြေညာသည်။

အမျိုးသားကာကွယ်ရေးနှင့် ကာကွယ်ရေးလုံခြုံရေးကောင်စီထံသို့ ယာယီသမ္မတရုံးက ယာယီသမ္မတ တာဝန်များကို မင်းအောင်လှိုင်ထံသို့ ပေးအပ်လိုက်ကြောင်း ပြောဆိုထားသည်။

ဦးမြင့်ဆွေက ၎င်းနေမကောင်းခြင်းနှင့် ယာယီသမ္မတ နေရာအား တာဝန်လစ်ဟင်းနေ၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တာဝန်ပေးခြင်းဖြစ်သည်ဟု စစ်တပ်ပိုင် မြဝတီသတင်းက ကြေညာထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတနေရာအား လိုချင်ကြောင်းနှင့် သမ္မတလုပ်ရန် မကြာခဏ ပြောကြားနေပြီး တပ်ချုပ်မင်းအောင်လှိုင် သမ္မတရာထူးရယူခြင်းမှာ ၎င်းတို့ကိုင်စွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံဖြင့် လွဲချော်နေကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ