Tuesday, October 14, 2025
Home » ငလျင်ဘေးသင့် မြန်မာပြည်သူများကို အီးယူက ယူရို ၂.၅ သန်း ကူညီမည်

ငလျင်ဘေးသင့် မြန်မာပြည်သူများကို အီးယူက ယူရို ၂.၅ သန်း ကူညီမည်

0 4

ငလျင်ဘေးကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူများကို ဥရောပသမဂ္ဂ EU က ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂ သန်းခွဲ ကူညီပံ့ပိုးပေးမည်ဟု ယနေ့ မတ်လ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံရုံးက ထုတ်ပြန်သည်။

ယခု ထောက်ပံ့လိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဟု အီးယူက ပြောဆိုထားသည်။

ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

ယခု ကူညီထောက်ပံ့မည့် ယူရို နှစ်သန်းခွဲအပါအဝင် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမှာ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ