Friday, September 11, 2026
Home » ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ထိုင်း ခွင့်ပြု

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ထိုင်း ခွင့်ပြု

0 57

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ပြုလိုက်ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံပိုင် တယ်လီကွန်းကုမ္ပဏီကနေ မတ် ၂၉ ရက်မှာ ထုတ်ပြန် ကြေညာသည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မတ် ၃၁ ရက်အထိ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ဖုန်းခေါ်ဆို၍ ရပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်က ရေးသားထားသည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုအတွက် အရင်ဆုံး 001 800 001ကို ခေါ်ဆိုရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားဖြင့် (Free Call) အခမဲ့ ခေါ်ဆိုနိုင်ကြောင်း ဖြေကြား ပြီးချင်းတွင် 009 95 နောက်ကနေ မိမိခေါ်လိုသည့် ဖုန်းနံပတ်ကို ထည့်သွင်းရမည် ဖြစ်သည်။

ထိုင်းတွင် နေထိုင်ပြီး မြန်မာ နိုင်ငံသားများကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “ကျနော် ခေါ်နေတာ အကြိမ်ကြိမ် ရှိနေပါပြီ။ ခေါ်မရဘူး။ တူး-တူး-ဆိုပြီးတော့ ကျသွားပါတယ်။ AIS ရော၊ TRUE SIM ကဒ်နှစ်မျိုးလုံးနဲ့ ခေါ်တာပါ။ လောလောဆယ် အဆင်မပြေတာလားတော့ မသိဘူး။ အဆင်ပြေရင်တော့ အရမ်းကောင်းမှာပါ။ စစ်ကိုင်းက ကျနော်တို့ မိသားစုတွေနဲ့ အဆက်အသွယ်မရသေးပါဘူး”ပြောသည်။

ယခုကဲ့သို့ အခမဲ့ မြန်မာနိုင်ငံကို ဖုန်း‌ခေါ်ဆိုနိုင်ခွင့်ကို ထိုင်းအစိုးရက ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ