Tuesday, March 3, 2026
Home » မန္တလေး၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု သေဆုံးသူ ၅၀ ကျော်ထိရှိလာ

မန္တလေး၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု သေဆုံးသူ ၅၀ ကျော်ထိရှိလာ

0 25

ငလျင်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု ကလေး သေဆုံးသူ ၄၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောသည်။

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် ကျောက်ဆည်မြို့ရှိ Bright Kids school ပြိုကျခဲ့ပြီး လက်ရှိချိန်ထိ ရှာဖွေကယ်ဆယ်ရေးများ လုပ်နေကာ သေဆုံးမှုများ မြင့်တက်လာနေသည်။

လက်ရှိတွင် အဆိုပါ ကျောင်းပြိုကျမှုကြောင့် ဆရာမ ၉ ဦးနှင့် ကလေးငယ် ၄၀ ကျော် သေဆုံးခဲ့ပြီး ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေကာ သေဆုံးမှု အရေအတွက်ကို ဆက်လက် မြင့်တက်လာသည်။

ဒေသခံတစ်ဦးက “Bright Kids school က ဆရာမ ၉ ဦးနဲ့ ကလေးငယ် ၄၀ ကျော် သေဆုံးပါတယ်။ အတိအကျတော့ ခုထိမသိရသေးပါ။ ကယ်ဆယ်ရေးတွေ လိုအပ်ပါတယ်။ ခုထိတော့ ကယ်ဆယ်နေတုန်းပဲ” ဟုပြောသည်။

ထို့ပြင် မန္တလေးမြို့ အမြောက်တန်းဗလီ ပြိုကျမှုတွင်လည်း ရုပ်အလောင်း ၁၂၀ ကျော်တွေ့ရှိထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများလည်း ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင် သိရသည်။

ဒေသခံပြည်သူတစ်ဦးက “မန္တလေး အမြောက်တန်းဗလီ ပြိုကျတာက Dead body ၁၂၀ ကျော်တွေ့ထားပြီ ဒဏ်ရာရသူတွေ အရမ်းများပြားပါတယ်။ ကယ်ဆယ်ရေးတွေက အခုထိ ဆက်လက် လုပ်ဆောင်နေတုန်းပါပဲ” ဟုပြောဆိုသည်။

မတ် ၂၈ ရက်နေ့ အစ္စလာမ်ဘာသာဝင်များ၏ ရမ္မဇန် ဥပုသ်လ နောက်ဆုံးနေ့တွင် လှုပ်ခတ်သည့် အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံတွင် ဗလီ ၆၀ လုံးကျော် ပြိုကျပျက်စီးပြီး လူပေါင်း ၅၀၀ ဦးထက်မနည်း သေဆုံးသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ