Tuesday, October 14, 2025
Home » ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁၀၀၀ ကျော်လာ၊ မန္တလေးတိုင်းက ၇၀၀ နီးပါး ပါဝင်နေ

ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁၀၀၀ ကျော်လာ၊ မန္တလေးတိုင်းက ၇၀၀ နီးပါး ပါဝင်နေ

0 3

ယမန်နေ့ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအနှံ့တွင် သေဆုံးသူ ၁၀၀၂ ဦးအထိရှိလာပြီး မန္တလေးတိုင်းက သေဆုံးသူ ၆၉၄ ဦးပါဝင်ကြောင်း စစ်ကောင်စီက ဝါဒဖြန့် သတင်းမီဒီယာများမှ ယနေ့ မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၂ ယောက် အထိရှိလာပြီး ဒဏ်ရာရသူပေါင်း ၂,၃၇၆ ယောက် ရှိလာပြီဟု စစ်ကောင်စီက ဆိုသည်။

အင်အားပြင်း ငလျင်မှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်း၊ ပဲခူးတိုင်း၊ မကွေးတို့တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည်။

ယနေ့ နံနက်ပိုင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၀၀၀ ကျော်တွင် မန္တလေးတိုင်းက ၇၀၀ နီးပါး ပါဝင်ခဲ့ပြီး ကျန်သေဆုံးသူများမှာ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်ဒေသက အဓိက ပါဝင်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ဒေသများကို အိမ်းနီးချင်းနိုင်ငံ တရုတ်၊ အိန္ဒိယတို့က ကယ်ဆယ်ရေးအဖွဲ့များ လာရောက်ကူညီလျက်ရှိနေပြီး မလေးရှား၊ ရုရှား၊ စင်္ကာပူ၊ အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂ စသည့် နိုင်ငံတကာများကလည်း ကူညီကယ်ဆယ်ရေးများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ