Monday, October 13, 2025
Home » ငလျင်သင့် မြန်မာပြည်သူများကို တရုတ်က ယွမ် ၁၀၀ သန်း ထောက်ပံ့

ငလျင်သင့် မြန်မာပြည်သူများကို တရုတ်က ယွမ် ၁၀၀ သန်း ထောက်ပံ့

0 4

ငလျင်ဘေးသင့်သော မြန်မာပြည်သူများအတွက် တရုတ်အစိုးရက ယွမ် ၁၀၀ သန်း တန်ဖိုးရှိသော အရေးပေါ်လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးမည်ဟု ယနေ့ မတ်လ ၂၉ ရက်တွင် တရုတ် မြန်မာသံရုံးက ထုတ်ပြန်သည်။

“မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ယွမ် ၁၀၀ သန်း ပံ့ပိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြောခွင့်ရ Mr. Li Ming က ဆိုသည်။

ငလျင်သင့် မြန်မာပြည်သူများအတွက် တဲများ၊ စောင်များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာ အထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစင်များ စသည့် အရေးတကြီးလိုအပ်နေသော ပစ္စည်းများ ထောက်ပံ့မည်ဟု တရုတ်က ထုတ်ပြန်သည်။

တရုတ်အစိုးရ၏ ပထမအသုတ် အကူအညီပစ္စည်းများကို မတ်လ ၃၁ ရက်နေ့တွင် စတင်ပို့ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်များအရ နောက်ထပ်အကူအညီများ ဆက်လက်ပံ့ပိုးသွားမည်ဟု တရုတ်က ပြောသည်။

ကူညီကယ်ဆယ်ရေး အဖွဲ့နှစ်ဖွဲ့ကိုလည်း စေလွှတ်ထားပြီး ငလျင်သင့် ဒေသများသို့ သွားရောက်ကူညီ ဆောင်ရွက်နေကြပြီဟု တရုတ်က ဆိုသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ