Monday, October 13, 2025
Home » စင်္ကာပူ ကယ်ဆယ်ရေး အဖွဲ့ဝင် ၈၀ ဦး မြန်မာနိုင်ငံ ရောက်ရှိ

စင်္ကာပူ ကယ်ဆယ်ရေး အဖွဲ့ဝင် ၈၀ ဦး မြန်မာနိုင်ငံ ရောက်ရှိ

0 3

မြန်မာနိုင်ငံက ငလျင်ဘေးကို ကူညီရန်အတွက် စင်ကာပူနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ဦးခန့်သည် ယနေ့ မတ်လ ၂၉ ရက် ညနေက မြန်မာနိုင်ငံရှိ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီး ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် စင်္ကာပူ ဒေသစံတော်ချိန် နေ့ခင်းပိုင်း ၁ နာရီ မိနစ် ၂၀ က ချန်ဂီလေဆိပ်ကနေထွက်ခွါ လာပြီး ယနေ့ ညပိုင်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း Yangon International Airport က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ကယ်ဆယ်ရေးသမားများထဲတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ရှာဖွေရေး ကျွမ်းကျင်သူများ ပါဝင်ပြီး ၎င်းတို့မှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး လှုပ်ခတ်သွားကြောင်း ငလျင်ဘေး ကို သွားရောက် ကူညီမည် ဖြစ်သည်။

အဆိုပါ အဖွဲ့မှာ ရှာဖွေကယ်ဆယ်ရေးအတွက်လိုအပ်သည့် ဖြတ်တောက်စက်၊ အပျက်အစီးများကို မတင်နိုင်သော စက်ကိရိယာများ သယ်ဆောင်လာသည်ဟု သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ