Monday, April 20, 2026
Home » ယနေ့တွင် မန္တလေး Sky Villa မှ ရုပ်အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိ

ယနေ့တွင် မန္တလေး Sky Villa မှ ရုပ်အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိ

0 32

ယနေ့ ဧပြီ ၂ ရက်နေ့ နံနက်ပိုင်းက မန္တလေး Sky Villa မှ အမျိုးသားနှင့် အမျိုးသမီး ရုပ်အလောင်း နှစ်လောင်း ထပ်မံ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနက ယနေ့ နေ့လယ်ပိုင်းတွင် သတင်း ထုတ်ပြန်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အဦပြိုကျပျက်စီး၍ ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အဆောက်အုံတွင် ပျောက်ဆုံးနေသူများ ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနက သတင်းထုတ်ပြန်သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ