Saturday, April 18, 2026
Home » ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

1 32

သက်တော် ၈၈နှစ်အရွယ် ရှိသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီ ၂၁ ရက် ရောမစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ဗာတီကန် နန်းတော်က ယနေ့ ထုတ်ပြန်လာသည်။

ရိုမန်ကက်သလစ် ဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ အီစတာပွဲတော်ကာလတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ဗာတီကန် နန်းတော်ဘဏ္ဍာထိန်း ကာဒီနယ် ကီဗင်ဖားရဲလ်က ထုတ်ပြန်သည်။

ပုပ်ရဟန်းမင်းကြီးသည် ဖရန်စစ်အာဂျင်တီးနားနိုင်ငံက ဖြစ်ပြီး တောင်ကမ္ဘာခြမ်းနှင့် အမေရိကတိုက်များကနေ တင်မြှောက်ခံရသော ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။

နာတာရှည် အဆုတ်ရောင်ခံစားနေခဲ့ရသော ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့ ဖေဖာ်ဝါရီလ မှာလည်း အဆုတ်ရော ရောဂါကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားခဲ့ရပြီး ဆေးရုံတက်ခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ