Monday, October 13, 2025
Home » အင်းစိန်ထောင်တွင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်ရ

အင်းစိန်ထောင်တွင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်ရ

0 15

အင်းစိန်အကျဉ်းထောင်တွင် မတရား ဖမ်းဆီးခံထားရသော ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။

စစ်ကြောရေးမှာ မတရားညှဉ်းပန်း နှိပ်စက်ခံခဲ့ရမှုကြောင့် ဦးခေါင်းအတွင်းဒဏ်ရာရရှိပြီး မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်နေသော်လည်း အရေးပေါ် ရောက်မှသာ ဆေးရုံသို့ ပို့ဆောင်ပေးကြောင်း သိရသည်။

ဧပြီ ၂၅ ရက်နေ့ ညတွင်လည်း ကျန်းမာရေးစိုးရိမ်ရ၍ ထပ်မံအင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရပြီး တိကျသေချာသော ဆေးဝါးစောင့်ရှောက်ခွင့် မရရှိကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောသည်။

မဝတ်ရည်အောင်ကို ၂၀၂၁ခုနှစ် စက်တင်ဘာလ၊ ၁၄ရက်နေ့ ကတည်းက စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတရားပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။

ထပ်မံ၍ မတရားပုဒ်မ ၅၂(က) ဖြင့်လည်း မတရား စွဲချက်တင်ပြီး ထောင်ဒဏ် ၄နှစ် ချမှတ်ခဲ့ပြီး နှစ်ချမှတ်ခံရပြီး အင်းစိန် အကျဉ်းထောင်တွင် မတရားချုပ်နှောင်ခံထားရသည်။

မဝတ်ရည်အောင်ကို အရေးပေါ်အခြေအနေမှသာ ဆေးရုံပို့ဆောင်ပေးပြီး အသက်အန္တရာယ် ယာယီ ကယ်ဆယ်နိုင်ပြီးပါက အကျဥ်းထောင်အတွင်း ပြန်လည်ခေါ်ဆောင်သွားကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက၏ ထုတ်ပြန်ချက်မှာ ဖော်ပြသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ