Thursday, August 28, 2025
Home » အကြမ်းဖက် ဘုန်းကြီးအတု ဟု ဂျာမန်ရောက် မြန်မာများက သီတဂူကို ကန့်ကွက် ဆန္ဒပြ

အကြမ်းဖက် ဘုန်းကြီးအတု ဟု ဂျာမန်ရောက် မြန်မာများက သီတဂူကို ကန့်ကွက် ဆန္ဒပြ

0 2

အာဏာသိမ်း စစ်ကောင်စီနှင့် အကြမ်းဖက်မှုများကို အားပေး အားမြှောက်ပြုလုပ်နေမှုကြောင့် ဝေဖန်ခြင်းခံနေရသည့် သီတဂူဘုန်းကြီး ဦးဉာဏိဿရကို ဂျာမန်ရောက် မြန်မာများက ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃ ရက်နေ့ ဂျာမနီရောက်တော်လှန်ရေးအင်အားစုများက သီတဂူဘုန်းကြီး၏ အပြန်ခရီးကို သတင်းရရှိသဖြင့် Frankfurt လေဆိပ် စုဝေးရောက်ရှိပြီး ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်စာများကိုလည်း ဂျာမန်နှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည်။

ဆန္ဒပြသူများက စစ်အာဏာရှင်အားပေးသည့် အကြမ်းဖက်ဘုန်းကြီးအတုကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သီတဂူဘုန်းကြီးတို့ ယှဉ်တွဲနေသော ဓာတ်ပုံများကိုလည်း အကြမ်းဖက် သမားများ ဟု ရေးသားထားသည်။

အကြမ်းဖက်ဘုန်းကြီးအတုကို ကန့်ကွက်ရှုတ်ချကြောင် ကန့်ကွက်စာများကိုလည်း ဂျာမန်နှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြကြောင်း ကန့်ကွက် ဆန္ဒပြပွဲပါဝင်သူများ က ပြောဆိုသည်။

ဆွစ်ဇာလန်နိုင်ငံတွင် ဆေးစစ်မှုများ ခံယူပြီး မြန်မာပြည်ပြန်မည့် အဆိုပါ သီတဂူဘုန်းကြီးသည် ဂျာမနီမှတစ်ဆင့် လေယာဉ်ပြောင်းစီးမည်ဟု သတင်း ရ၍ ဂျာမန်ရောက် မြန်မာများက ယင်းကဲ့သို့ ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ