Tuesday, October 14, 2025
Home » ဂွမြို့နယ်မှာ စစ်ရှောင်နေသူတစ်ဦး အစာနင်ပြီး သေဆုံး

ဂွမြို့နယ်မှာ စစ်ရှောင်နေသူတစ်ဦး အစာနင်ပြီး သေဆုံး

0 4

ရခိုင်ပြည် ဂွမြို့နယ်တွင် စစ်ရှောင်နေသူ ငပလီမြို့ဒေသခံ အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦး အစာနင်ပြီး ယနေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း ကူညီရေးဆောင်ရွက်သူများက ပြောသည်။

အစာနင်ပြီး သေဆုံးသွားသူမှာ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တော အမှတ် ၈ ရပ်ကွက်ဒေသခံ ဦးကျော်သန်းဖြစ်ကြောင်း သိရသည်။

ဂွဒေသခံတစ်ဦးက ” ဂွမြို့အဝင်ဂိတ်မှာ ရန်ကုန်ဘက်သွားဖို့ စောင့်ဆိုင်းနေရင်း ကောက်ညှင်းပေါင်း စားမိရာက အစာနင်ပြီး သေဆုံးသွားတာဖြစ်ပါတယ်။ ” ဟု ပြောသည်။

ဂွမြို့ပြည်သူ့ဆေးရုံက ဆေးစစ်ချက်များ ရယူပြီး မိသားစုဆန္ဒအရ ဂွမြို့သုဿာန်၌ မြေမြှုပ် သင်္ဂြိုလ်ပေးခဲ့ကြောင်း ဂွမြို့အခြေစိုက် ထာဝရမေတ္တာနာရေးကူညီမှုအသင်းက ယနေ့ ထုတ်ပြန်ထားသည်။

ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် သံတွဲမြို့နယ်နှင့် ငပလီမြို့ဒေသက စစ်ရှောင်လာသူ အရေအတွက် နှစ်ထောင်နှင့်အထက်ကို ရှိပြီး အရေးပေါ်စားနပ်ရိက္ခာများနှင့် နေထိုင်စရာများ လိုအပ်နေကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ