Thursday, August 28, 2025
Home » အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများ ဇူလိုင်အတွက် လစာမရသေး

အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများ ဇူလိုင်အတွက် လစာမရသေး

0 3

ရခိုင်ပြည် အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများမှာ ကုန်ခဲ့သည့် ဇူလိုင်လအတွက် သတ်မှတ်လစာ မရရှိသေးကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။

ဇူလိုင်လအတွက် သတ်မှတ်လစာကို အမ်းမြို့နယ်ရှိ တခြားဌာနဆိုင်ရာဝန်ထမ်းများမှာ ရရှိပြီးဖြစ်သော်လည်း ပညာရေးဝန်ထမ်းများမှာ မရရှိသေးကြောင်း အမ်းမြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

” ကျန်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာရပြီးပါပြီ။ ပညာရေးဌာနက သူတွေပဲ မရတာ။ လစာက မရောက်သေးတာကြောင့် မရတာလို့ကြားတယ်။ ရတော့ရမယ်လို့ ပြောတာပဲ” ဟုပြောသည်။

လစာမှာ သတ်မှတ်ချိန်အတွင်း မရရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် အခက်ခဲများဖြစ်ပေါ်လျှက်ရှိသည်ဟု ပညာရေးဝန်ထမ်းများက ဆိုသည်။

“လစာ ရချိန်တန်လို့ မရသေးတော့ ခက်ခဲတာပေါ့။ တချို့ဆို လစာကိုပဲ မှီခိုပြီး စားသောက်နေကြရတာတွေ ရှိတယ်။ သူတို့အတွက်ဆို ပိုခက်ခဲတယ်။ လစာကတော့ မရသေးတာလို့ပဲ ကြားပါတယ်။ ရမယ်ဆိုတဲ့ သဘောမျိုးတော့ ရှိတယ်” ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ရခိုင်မြောက်ပိုင်းတွင် ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲများ စတင်ပြင်းထန်လာစဉ်ကလည်း မြောက်ပိုင်းမြို့နယ်အချို့မှ ပညာရေးဝန်ထမ်းများ လစာ မရရှိတော့ကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ