Thursday, August 28, 2025
Home » ဝန်ကြီးချုပ်ဟောင်း သက်ဆင်သမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

0 2

(ထိုင်းဝန်ကြီးချုပ်သမိုင်း အသက်အငယ်ဆုံးဟုဆို)

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီး အသက် ၃၇ နှစ်အရွယ်ရှိPaetongtarn Shinawatra (ပေထောင်တန် ရှင်နာဝပ်ထရာ) သည် ထိုင်းဝန်ကြီးချုပ်ဖြစ်လာကြောင်း သိရသည်။

အာဏာရညွန့်ပေါင်းပါတီများက ဝန်ကြီးချုပ်လောင်းအဖြစ် Paetongtarn ကို လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ Paetongtarn မှာ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည်။

ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် ဝန်ကြီးချုပ် Srettha Thavisin ကို ရာထူးမှ ဖယ်ရှားပြီးနောက် ထိုင်း ဝန်ကြီးချုပ်အသစ်နေရာ သက်ဆင်သမီးကို အာဏာရ ညွန့်ပေါင်းပါတီများက အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

Paetongtarn Shinawatra သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်ပြီး အသက် ၃၇ နှစ်ရှိကာ ၃၁ ယောက်မြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာသည်။

အဒေါ်ဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck ပြီးနောက် Paetongtarn သည် အသက်အငယ်ဆုံး ထိုင်းဝန်ကြီးချုပ် ဖြစ်လာသည်။

တရားရုံးအရာရှိတစ်ဦးကို လဘ်ပေးလာဘ်ယူမှု ကျူးလွန်ခဲ့ဖူးသော Pichit Chuenban ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုဖြင့် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေချိုးဖောက်သည်ဟုဆိုကာ အခြေခံဥပဒေခုံရုံးက ရာထူးမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ