Monday, October 13, 2025
Home » စစ်တွေမှာ နေအိမ်ဖောက်ထွင်းခံရမှု ပိုမိုဆိုးရွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေ

စစ်တွေမှာ နေအိမ်ဖောက်ထွင်းခံရမှု ပိုမိုဆိုးရွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေ

0 4
[fvplayer id=”78″]

စစ်ကောင်စီအုပ်စိုးထားတဲ့ ရခိုင်ပြည် စစ်တွေမြို့မှာ နေအိမ်တွေဟာ ဖောက်ထွင်းခံရမှု ပိုများပြားလာပြီး တန်ဖိုးရှိပစ္စည်းတွေ နေ့စဉ်နဲ့အမျှ ပျောက်ဆုံးနေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖောက်ထွင်းခံရတဲ့ရပ်ကွက်တွေက မင်းဂံ၊ စက်ရုံစု၊ ကုန်တန်း၊ ကျည်းပင်တန်း၊ ရွှေပြား၊ ဓညဝတီ၊ ကသဲရပ်ကွက်စတဲ့ နေရာတွေဖြစ်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေမရှိဘူးလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ဖောက်ထွင်းခိုးယူသူတွေဟာ တန်ဖိုးရှိပစ္စည်းတွေယူဖို့ နေအိမ်ကိုပါ ဖျက်ဆီးပစ်ကြတယ်လို့ အခုရက်ပိုင်းအတွင်း ရေခဲသေတ္တာ အခိုးခံလိုက်ရတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။

ပစ္စည်းခိုးယူသူတွေဟာ အုပ်စုဖွဲ့တွေဖြစ်ကြပြီး တစ်ဖွဲ့မှာ သုံးယောက်ကနေ ၆ ယောက် ၈ ယောက်အထိရှိကာ အဲဒီအထဲမှာ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ မျက်မြင်မြို့ခံတွေက ပြောကြပါတယ်။

စစ်တွေအမှတ် ၁ ရဲစခန်းက အသက် ၅၀ အရွယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ALP တပ်ဖွဲ့ဝင်တချို့ ဖောက်ထွင်းသူတွေနဲ့ ပူးပေါင်းနေတယ်လို့ ရဲသတင်းရင်းမြစ်တွေက Western News ကို ပြောဆိုထားကြပါတယ်။

မကြားသေးခင်က နေအိမ်ဖောက်ထွင်းခံရတဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက်က အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ နေအိမ်ဆိုရင် နှစ်ခါ ဖောက်ထွင်းခံရပြီး ပထမ တစ်ခေါက်က လျှစ်စစ်ပစ္စည်းတွေ၊ ဆိုလာပြားတွေ၊ ဒယ်အိုးတွေ၊ ပန်းကန်ပြားတွေ အခိုးခံခဲ့ရပါတယ်။

ဒုတိယတစ်ခေါက်မှာဆိုရင်လည်း အိမ်ရှေ့တံခါးမကြီးကိုဖျက်ဆီးပြီး ရေခဲ့သေတ္တာ၊ တီဗီ၊ ဆောင်းဘောက်စ် စတဲ့ တန်ဖိုးရှိပစ္စည်းတွေကို ယူသွားခဲ့တယ်လို့ အဲဒီအမျိုးသားက ဆိုပါတယ်။

ဖောက်ထွင်းခိုးယူသူတွေဟာ ထောင်ထွက်တွေ၊ မွတ်ဆလင်လူငယ်တချို့နဲ့ ALP တပ်ဖွဲ့ဝင်တချို့က အများဆုံးဖြစ်တယ်လို့ ရဲသတင်းရင်းမြစ်တစ်ဦးက Western News ကို ပြောဆိုထားတာပါ။

ဒါပေမယ့် ဖောင်ထွင်းမှုတွေမှာ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ALP တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတာ ဟုတ်မဟုတ်ကိုတော့ Western News အနေနဲ့ သီးခြးအတည်မပြုနိုင်သေးပါဘူး။

နောက်ဆုံး သတင်းများရယူလိုက်ပါ