Thursday, August 28, 2025
Home » လားရှိုးမြို့ကို ၅ကြိမ်မြောက် ပေါင် ၅၀၀ဗုံးများဖြင့် စစ်ကောင်စီ ကြဲချ

လားရှိုးမြို့ကို ၅ကြိမ်မြောက် ပေါင် ၅၀၀ဗုံးများဖြင့် စစ်ကောင်စီ ကြဲချ

0 2

ရှမ်းပြည် မြောက်ပိုင်းက လားရှိုးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ၅ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်မှုအဖြစ် ပေါင် ၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ် MNDAAက သတင်း ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ရက် မနက်အစောပိုင်းက စစ်ကောင်စီက လေကြောင်းကနေ လားရှိုးမြို့ပေါ်ကို ပေါင် ၅၀၀ဗုံး အနည်းဆုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁ဦး သေဆုံးခဲ့ကာ ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAAက ဆိုသည်။

လားရှိုးမြို့ အမှတ် ၂ရပ်ကွက်ဈေးနှင့် ဖူလီလိုက်ဟိုတယ်များကို ပစ်မှတ်ထားပြီး ဗုံးနှစ်လုံး ကြဲချခဲ့သလို နောက်နာရီအနည်းငယ်အကြာ ဒုတိယကြိမ် ဖူလီလိုက် ဟိုတယ်နောက်ဘက်က လူနေရပ်ကွက်များကို ပစ်မှတ်ထားကာ ဗုံးနှစ်လုံး ကြဲချခဲ့သည်။

စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် မီးလောင်မှုလည်းဖြစ်ပေါ်ခဲ့ပြီး လူနေအဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ယခု ဗုံးကြဲခြင်းသည် ကိုးကန့်တပ် MNDAAက သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၅ကြိမ်မြောက် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ ငြိမ်းချမ်းနေချိန်မှာ ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။

ထို့အပြင် ယနေ့ နံနက်ပိုင် ၂ နာရီကျော်အချိန်မှာ လားရှိုးမြို့အမှတ် (၁၂) ရပ်ကွက်မှာရှိတဲ့ နည်းပညာ အထက်တန်းကျောင်းနှင့် အနီးတဝိုက်ကို စစ်ကောင်စီဖက်မှ လေကြောင်းဖြင့် ဗုံးသုံးလုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ