Tuesday, August 26, 2025
Home » ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့

ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့

1 3

အာရက္ခတပ်တော် AA ၏ တိုက်ခိုက်မှုကြောင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ယနေ့ ပြန်ပို့လိုက်ပြီးဖြစ်ကြောင်း ဒေသသတင်းဌာနကများက ရေးသားသည်။

အလားတူ မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၅ ဦးသည် ၎င်းတို့၏ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်၊ Cox’s Bazar ဒုတိယကော်မရှင်နာ Mohammad Salahuddin က “မြန်မာ့အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ဦးဟာ ပြစ်ဒဏ်တွေ ကျခံပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ထဲ ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၅ ဦးနဲ့ စစ်သား ၈ ဦး စုစုပေါင်း ၁၂၃ ဦးကိုလည်း မြန်မာနိုင်ငံဘက်ကို ပြန်ပို့မှာဖြစ်ပါတယ်” ဟု အတည်ပြုသည်။

နှစ်နိုင်ငံအကြား လူပြန်ပို့ကြသည့်အစီအစဉ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက စီမံခန့်ခွဲနှစ်ဖက် လူမှုရေးအရ ညှိနှိုင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး ရှေ့တွင်လည်း ယင်းသို့ လဲလှယ်မှု အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရခိုင်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ဦး ဧပြီလ ၂၅ ရက်နေ့တွင် စီတပ်ဖွဲ့ဝင် ၂၈၈ ဦး၊ ဇွန်လ ၈ ရက်နေ့တွင် စီတပ်ဖွဲ့ဝင် ၁၃၄ ဦးတို့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ