Thursday, August 28, 2025
Home » တရားခံပြေး အပါအဝင် ငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၀ ကျော်ကို စစ်ကောင်စီက တရုတ်အား လွှဲပြောင်းပေး

တရားခံပြေး အပါအဝင် ငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၀ ကျော်ကို စစ်ကောင်စီက တရုတ်အား လွှဲပြောင်းပေး

0 3

မြန်မာနိုင်ငံအတွင်းရှိသော တရားခံပြေး အပါအဝင် အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့အား လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးထဲတွင် တရားခံပြေး ၄၅ ဦးပါဝင်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့က ရွှေလီမြို့နယ်စပ်ဂိတ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၃၀ တွင် ထုတ်ပြန်ထားသည်။

၎င်းတို့ကို စက်တင်ဘာလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းငွေသူများမှာ ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသူများဖြစ်ပြီး ငွေလိမ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ Scam စက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းမှာ ရှမ်းမြောက်ဒေသတွင် လှုပ်ရှားရာကနေ လက်ရှိ ကရင်ပြည် မြဝတီဘက်သို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ