Thursday, August 28, 2025
Home » တအောင်းဒေသမှာ ဗုံးကြဲခံရ၍ တစ်လအတွင်း သေဆုံးသူ ၂၆ ဦးရှိပြီး ၄၁ ဦး ဒဏ်ရာရ

တအောင်းဒေသမှာ ဗုံးကြဲခံရ၍ တစ်လအတွင်း သေဆုံးသူ ၂၆ ဦးရှိပြီး ၄၁ ဦး ဒဏ်ရာရ

0 3

ရှမ်းမြောက် TNLA ထိန်းချုပ်ထားသော တအောင်းဒေသကို အာဏာသိမ်း စစ်ကောင်စီက ဗုံးဆက်တိုက် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးသူ ၂၆ ဦးနှင့် ၄၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိကြသည်။

အဆိုပါ ထိခိုက် သေဆုံးသူ အရပ်သားပြည်သူ အရေအတွက်မှာ စက်တင်ဘာလ တစ်လအတွင်း သေဆုံးခြင်းဖြစ်ပြီး ကုန်ခဲ့သည့် စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက် သုံးရက်အတွင်း ၄ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးအထိ ဒဏ်ရာရရှိခြင်းဖြစ်သည်။

သေဆုံးသူများထဲတွင် ကလေးငယ်များ၊ အမျိုးသမီး ၁၀ ဦးထက်မနည်း ပါဝင်ကြောင်း တအောင်းတပ် TNLA ကဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ လေတပ်သည် အဘက်ဘက်မှ စစ်ရှုံးနေ၍ အရပ်သားများရှိရာ နေရာများသို့ ဦးတည်ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတိုက်ခိုက်နှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

အရပ်သားပြည်သူ သေဆုံးသူ ၂၆ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၄၁ ဦးအပြင် အရပ်သားများပိုင်ဆိုင်သော နေအိမ် ၄၇ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း TNLA က ယနေ့ အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ