Thursday, August 28, 2025
Home » မြန်မာစစ်တပ်ကို လေယာဉ်ဆီနှင့် လက်နက်များ မပေးကြရန် သံအမတ် ဦးကျော်မိုးထွန်း ကုလညီလာခံတွင် တောင်းဆို

မြန်မာစစ်တပ်ကို လေယာဉ်ဆီနှင့် လက်နက်များ မပေးကြရန် သံအမတ် ဦးကျော်မိုးထွန်း ကုလညီလာခံတွင် တောင်းဆို

1 3

မြန်မာစစ်တပ် (စစ်ကောင်စီ) ထံသို့ လေယာဉ်လောင်စာဆီ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းပေးခြင်းများ မပြုလုပ်ကြရန် အမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက ကုလညီလာခံတွင် တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် ကုလညီလာခံအစည်းအဝေးတွင် သံအမတ် ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများမှာ လက်နက်ကြီး ပစ်ခတ်ခံရခြင်း၊ ဗုံးကြဲတိုက်ခိုက်ခံရခြင်းတို့ကြောင့် သေဆုံးမှုများပြားနေပြီး ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်မှုများ ပြုလုပ်နေသည်ဟု ညီလာခံတွင် ပြောကြားခဲ့သည်။

ပြည်သူများအပေါ် ထိုသို့ ရက်စက်ဖိနှိပ်မှုများ ပြုလုပ်နေ၍ မြန်မာစစ်တပ်အား မည်သည့်ထောက်ပံ့မှုများကိုမှ မပြုလုပ်ကြရန် သံအမတ်က တောင်းဆိုနေခြင်းဖြစ်သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများက မြန်မာနိုင်ငံအပေါ် မည်သည့်ပုံစံဖြင့် ခြိမ်းခြောက်မှုမျိုးမဆို ရှုတ်ချကြောင်းနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆိုးရွားသော လူသားချင်းစနာမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်မည်နှင့် ခြိမ်းခြောက်မှုများမှ ကင်းဝေးနိုင်ရေးမှာ နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းရေး ပင်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းရေးဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝလိုက်နာမည်ဖြစ်သည်ကို ထပ်လောင်း အတည်ပြုကြောင်း ပြောကြားခဲ့သည်။

1 comment

ZAP 2024-10-07 - 8:10 am

Zaproxy dolore alias impedit expedita quisquam.

Reply

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ