Friday, September 11, 2026
Home » တောင်ကုတ် တန်းလွဲရွာမကို စစ်ကောင်စီက ဗုံးကြဲ၊ အရပ်သား ၁၀ ဦးထက် မနည်း သေဆုံး

တောင်ကုတ် တန်းလွဲရွာမကို စစ်ကောင်စီက ဗုံးကြဲ၊ အရပ်သား ၁၀ ဦးထက် မနည်း သေဆုံး

0 54

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ ဈေးနားရွာသစ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၇ ရက်နေ့ ည ၁၁ နာရီကျော်လောက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ညဉ့် ၁၁ နာရီကျော်ခန့်တွင် လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားများ ယခုကဲ့သို့ သေဆုံးမှုများနှင့် နေအိမ်အများအပြား ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။

ဗုံးကြဲခံရမှုကြောင့် အရပ်သား အနည်းဆုံး ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်မပြုရသေးသည့် သတင်းများ ထွက်ပေါ်နေသော်လည်း Western News က သီခြား အတည်ပြု၍ မရရှိသေးပေ။ ယင်းအထဲ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များ အရေအတွက်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။

နောက်ဆက်တွဲ သတင်းများအား ဆက်လက်ဖော်ပြပါမည်

နောက်ဆုံး သတင်းများရယူလိုက်ပါ