Saturday, August 23, 2025
Home » ၁၀၂၇ နေ့ အထိမ်းအမှတ် “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှု ဂျပန်နိုင်ငံတွင်ပြုလုပ်

၁၀၂၇ နေ့ အထိမ်းအမှတ် “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှု ဂျပန်နိုင်ငံတွင်ပြုလုပ်

0 4

ဂျပန်နိုင်ငံတွင် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “ရန်ကုန်မှာ ပြန်ဆုံမယ်” လှုပ်ရှား ပြုလုပ်ခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၇ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရ နေရာများတွင် “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါ အင်္ကျီများဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

“ရန်ကုန်မှာပြန်ဆုံ မယ်” လှုပ်ရှားမှုကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) နှင့် Revolution Tokyo Myanmar – R.T.M တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်မှ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှု မှတ်တမ်းများအား အထူး အလေးအနက်ထား အရေးယူရန်လည်း တောင်းဆိုခဲ့သည်။

လွတ်မြောက်ဒေသနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်း ရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုများနှင့် ရန်ကုန်ရှိ မိဘပြည်သူများအားလုံး ရန်ကုန်တွင် ပြန်ဆုံကြမည်ဟု ဆိုသည်။

ရေဘဝဲ၏ ဆောင်ပုဒ်တခုဖြစ်သော ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကြရန် ရည်ရွယ်၍ “ရန်ကုန်မှာ ပြန်ဆုံမယ်” လှုပ်ရှားမှုအား ကြွေးကြော်ထားကြောင်း သိရသည်။

အဆိုပါ “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုအား ရေဘဝဲမှ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ခြေရင်းတွင် စတင်ခဲ့ပြီး မြို့လယ်ရှိ အထင်ကရနေရာများ၌ လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများပြုလုပ်ခဲ့ရာ ရေဘဝဲရဲဘော် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ဆက်စပ် ၂ ဦးကို စစ်တပ်မှ ဖမ်းဆီးထောင်ချ ထားကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ