Friday, September 11, 2026
Home » စစ်တွေကလက်နက်ကြီး ထိမှန်သော ပေါက်တောပြည်သူ ၆ ဦး

စစ်တွေကလက်နက်ကြီး ထိမှန်သော ပေါက်တောပြည်သူ ၆ ဦး

0 86

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ နေ့လယ်က စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၁၂ ရဲတပ်ရင်းမှ လှမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ပေါက်တောမြို့နယ် မော်ထုပ်ကြီးကျေးရွာမှ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ 

၎င်းတို့မှာ အသက် ၆၃ နှစ်အရွယ် ဒေါ်ကင်ယုံမေ၊ အသက် ၆၂ နှစ်အရွယ် ဦးမဲခေါက် (ခ) ဦးအောင်ဇံဖြူ၊ အသက် ၄၈ နှစ်အရွယ် ဦးကျော်နုဖြူ၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ခိုင်ရွှေဝင်း၊ အသက် ၂၇ နှစ်အရွယ် ဒေါ်စန္ဒာဝင်းနှင့် အသက် ၂၃ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်တို့ ဖြစ်ကြသည်။ 

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသထားပြီး အသက် ၂၃ နှစ်အရွယ် ကိုဇော်မင်းနိုင်မှာ ဦးခေါင်းတွင် ထိခိုက်ထား၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ