Tuesday, October 14, 2025
Home » တောင်ကုတ်မှာ စစ်ကောင်စီ ဗုံးကြဲ၍ အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာ

တောင်ကုတ်မှာ စစ်ကောင်စီ ဗုံးကြဲ၍ အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာ

0 4

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ခရိုင်ကျေးရွာကို ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်တွင် ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ခရိုင်ကျေးရွာသည် တောင်ကုတ်မြို့ထဲ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် မြို့ပေါ်ဒေသခံများအပါအဝင် အခြားသော အရပ်သားပြည်သူများ စစ်ရှောင်နေကြသော ကျေးရွာလည်းဖြစ်သည်။

သတင်းအပြည့်အစုံကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိသူများထဲမှာ စိုးရိမ်ရသူများပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုများကို ခံယူနေရသည်ဟု သတင်းရင်းမြစ်များက ပြောဆိုကြသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ